Rendering of the Masjid Noor ul-Islam
Current BMECC Board members for 2021-2023.
Our Facilities
Serving the Muslim community in Fort Wayne since 2010.
Masjid

Masjid Noor ul-Islam is the first mosque built by the Burmese Muslims outside of Burma (Myanmar)

School

Noor ul-Islam Academy provides evening and weekend Islamic Studies classes.

Cemetery

Muslim Cemetery of Fort Wayne (under-progress) aims to provide free burial lots for Muslims.

The front view of the Masjid Noor ul-Islam.
Prayer arrangement at the Masjid Noor ul-Islam during COVID-19 Pandemic.
previous arrow
next arrow
Shadow

နူရ်အစ္စလာမ် ဗလီဝတ်ကျောင်းတော်

နူရ်အစ္စလာမ် ဗလီဝတ်ကျောင်းတော်၏ နေ့စဉ်လည်ပတ်မှု လုပ်ငန်းစဉ်အဝဝ ကို ဘီအမ်အီးစီစီအဖွဲ့၏ ဗလီထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီဝင်များဖြစ်သည့် ဗလီမွတ်သဝါလီ များမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါသည်။ ဗလီဝတ်ကျောင်းတော်၏ လက်ရှိ အီမာန် မှာ အီမာန်ဂျမ္မီလ် ဖြစ်ပြီး၊ မွအ်ဇင် အဖြစ် ယာယာဘိုင်မှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်။
 
ဗလီ၏ နေ့စဉ် အာဇါန်အချိန်နှင့် အစ်က်မသ် အချိန်တို့အား ယခု အင်တာနက်စာမျက်နှာ၏ ဘယ်ဖက် တွင် ကြည့်ရှုနိုင်သည်။ မိုဘိုင်းဖုန်းများမှလည်း My Masjid ဟုခေါ်သည့် App ကို ထည့်သွင်းပြီး Noor ul-Islam ဟု ရှာဖွေ၍ ကြည့်ရှုနိုင်ပါသည်။
ဗလီဝတ်ကျောင်းတော်တွင် နေ့စဉ် နမားဇ်ဝတ်ပြုမှုများ၊ သောကြာနေ့ ဂျွမ္မအ် စုပေါင်းဝတ်ပြုမှုများ၊ အစ္စလာမ် တရားပွဲများ၊ သာလင်မ် တရားဝိုင်းများ ပုံမှန်ပြုလုပ်လျက် ရှိသည်။ ဗလီ၏ အဓိက ဝတ်ပြုဆောင်တွင် လူဦးရေ ၁၉၀ ဝတ်ပြုနိုင်ပြီး၊ ထပ်မံတိုးချဲ့ဆောင်တွင် လူဦးရေ ၂၅၀ အထိ စုပေါင်း ဝတ်ပြုနိုင်ပါသည်။ ဗလီ၏ အဓိက ဝတ်ပြုဆောင်အား ထပ်မံတိုးချဲ့ရန်အတွက်လည်း အစီအစဉ်များ ချမှတ်အကောင်အထည်ဖော်ဆောင်လျက်ရှိပါသည်။

နူရ်အစ္စလာမ် ဗလီဝတ်ကျောင်းတော်တွင် သောကြာနေ့ဂျွမ္မာဝတ်ပြုမှုအချိန်တွင် တရားဟောပြောမှုအား ဗမာဘာသာစကားဖြင့် ဟောကြားပြီး၊ ခွသ်ဗာအား အာရ်ဗီဘာသာစကားဖြင့် ဟောကြားပါသည်။ အခါအားလျော်စွာ အထူးဧည့်သည်အဖြစ် အခြားဗလီများမှ အာလင်မ်ပညာရှင်များ ဖိတ်ကြား၍ အင်္ဂလိပ်ဘာသာစကားဖြင့် တရားဟောကြားမှုများလည်း ပြုလုပ်သည်။
 
အမေရိကန်တဝှမ်းမှ ဂျမ္မအသ်အဖွဲ့များလည်း နူရ်အစ္စလာမ် ဗလီဝတ်ကျောင်းတော်နှင့် ဖို့တ်ဝိန်းမြို့ရှိ မွတ်စလင်အသိုင်းအဝိုင်းထံသို့ အခါအားလျော်စွာ လာရောက်လေ့ရှိသည်။

အစ္စလာမ်သာသနာအား လေ့လာရန်သော်လည်းကောင်း၊ မွတ်စလင်များ၏ ဝတ်ပြုမှုများအား လေ့လာရန်သော်လည်းကောင်း ဗလီဝတ်ကျောင်းတော်သို့ အခြားဘာသာဝင်များ မကြာခဏ လာရောက်လည်ပတ်သည်။ ယင်းလေ့လာမှုအဖြစ် လာရောက်လည်ပတ်သူများကိုလည်း နွေးထွေးစွာ ကြိုဆိုပါသည်။ နူရ်အစ္စလာမ် ဗလီဝတ်ကျောင်းတော်သို့ လေ့လာရေးသဘောဖြင့် လာရောက်လည်ပတ်လိုပါက center @ bmeccfw.org (သို့မဟုတ်) 260-786-5858 သို့ ဆက်သွယ်နိုင်ပါသည်။