Rendering of the Masjid Noor ul-Islam
Current BMECC Board members for 2021-2023.
Our Facilities
Serving the Muslim community in Fort Wayne since 2010.
Masjid

Masjid Noor ul-Islam is the first mosque built by the Burmese Muslims outside of Burma (Myanmar)

School

Noor ul-Islam Academy provides evening and weekend Islamic Studies classes.

Cemetery

Muslim Cemetery of Fort Wayne (under-progress) aims to provide free burial lots for Muslims.

The front view of the Masjid Noor ul-Islam.
Prayer arrangement at the Masjid Noor ul-Islam during COVID-19 Pandemic.
previous arrow
next arrow
Shadow

အင်ဒီယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့ရှိ အစ္စလာမ်သာသနာဝင်များ၏ နာရေးကိစ္စရပ်များအား ကူညီလုပ်ဆောင်ပေးရန်အတွက် “နူရ်အစ္စလာမ် (ဗလီကြီး) နာရေးကူညီမှုအစီအစဥ်” တစ်ရပ်ထားရှိပါသည်။

နာရေးကိစ္စရပ်များအား ကူညီလုပ်ဆောင်ရာတွင်

(က) နာတာရှည်ရောဂါကြောင့် ကျန်းမာရေးအခြေအနေ ဆိုးရွား နေသူများ၊ အသက်အန္တရာယ်စိုးရိမ်ဖွယ်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ရရှိစေရေးနှင့် စိတ်သက်သာရာ ရရှိစေရေးတို့အတွက် လူမှုရေးအရ သော်လည်းကောင်း၊ ဘာသာရေးအရ သော်လည်းကောင်း ကူညီလုပ်ဆောင်ပေးခြင်း၊

(ခ) အလ္လာဟ်အမိန့်တော်ခံယူသွားသူ၏ မိုင်ယဒ်ရုပ်အလောင်းအား ဒဖ်နာမြေချရာတွင် အဆင်ပြေချောမွေ့စွာ ကိုင်တွယ်ဆောင်ရွက်ပေးနိုင်ရန် ငွေအား၊ လူအား ဖြင့် ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးခြင်း၊

(ဂ) နာရေးကိစ္စရပ်များအား ကိုင်တွယ်ဆောင်ရွက်ရာတွင် ငွေကုန်ကြေးကျသက်သာ၍ ပိုမိုအဆင်ပြေချောမွေ့စေမည့် နည်းလမ်းများကို ရှာဖွေအကောင်အထည်ဖော်ဆောင်ခြင်း၊

တို့ကို အဓိကထား ဆောင်ရွက်ပေးပါသည်။ 

မိုင်ယဒ် ဒဖ်နာရေးဆိုင်ရာ ကိုင်တွယ်မှု လုပ်ငန်းစဥ်

မိုင်ယဒ် ဒဖ်နာရေးဆိုင်ရာ နာရေးကိစ္စများအတွက် ကိုင်တွယ်လုပ်ဆောင်ရာတွင် လုပ်ငန်းစဥ် နှစ်မျိုး ခွဲခြား၍ ကူညီလုပ်ဆောင်ပေးပါသည်။

(က) ဝန်ဆောင်မှုအကူအညီ

သာသနာ့ဝင်တစ်ဦးဦး အလ္လာဟ်အမိန့်တော် ခံယူသွားသည့်အခါတွင် အချိန်တိုအတွင်း မိုင်ယဒ်ရုပ်အလောင်းအား ဒဖ်နာမြေချနိုင်ရေးအတွက် လိုအပ်သည့်စီစဥ်ဆောင်ရွက်မှုများကို ကျန်ရစ်သူမိသားစုများ၏ဆန္ဒနှင့်အညီ ကူညီလုပ်ဆောင်ပေးပါသည်။ ဝန်ဆောင်မှုပိုင်းဆိုင်ရာ ကိစ္စရပ်ဟု ဆိုရာတွင် မိုင်ယဒ်ရုပ်အလောင်းအား ဆေးရုံဆေးခန်း သို့မဟုတ် ရင်ခွဲရုံမှတဆင့် မိသားစုထံရောက်ရှိရန်၊ Funeral Home၊ ကဘာရ်စတာန် မှ တာဝန်ရှိသူများနှင့် ညှိနှိုင်း၍ မိုင်ယဒ်ရေချိုးသန့်စင်ခြင်းနှင့် ဒဖ်နာမြေချခြင်းဆိုင်ရာ စီစဥ်ဆောင်ရွက်မှုများပါဝင်ပါသည်။ ဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များအတွက် အသင်းဝင်ဖြစ်ခြင်း၊ အသင်းဝင်မဖြစ်ခြင်းဟူ၍ သီးသန့်ခွဲခြားခြင်းမပြုဘဲ ဖို့တ်ဝိန်းမြို့ရှိ အစ္စလာမ်သာသနာဝင်များ၏ နာရေးကိစ္စရပ်များအား ဝန်ဆောင်ခ အခကြေးငွေမယူဘဲ ကျန်ရစ်သူမိသားစုဝင်များ၏ ဆန္ဒနှင့်အညီ ကူညီလုပ်ဆောင်ပေးပါသည်။

(ခ) ငွေကြေးအကူအညီ

မိုင်ယဒ် ဒဖ်နာရေးဆိုင်ရာ နာရေးကုန်ကျစရိတ်အတွက် ပူပင်သောက မရောက်ဘဲ လွယ်နှင့်တကူ စီစဥ်ဆောင်ရွက်နိုင်ရန်အတွက် “နူရ်အစ္စလာမ် (ဗလီကြီး) နာရေးကူညီမှုအစီအစဥ်” မှ “နာရေးရန်ပုံငွေ” တစ်ရပ်ထားရှိပါသည်။ မိသားစုဝင်ဦးရေ (၆) ဦး အထိရှိသော မိသားစု တစ်စုလျင် နှစ်စဥ် ဒေါ်လာ (၁၂၀) နှင့် မိသားစုဝင်ဦးရေး (၆) ဦးထက်ပိုပါက ပိုသည့် မိသားစုဝင် တစ်ဦးချင်းစီအတွက် တစ်ဦးလျှင် ဒေါ်လာ (၂၀) နှုန်း ကောက်ခံ၍ ရရှိလာသည့် ရန်ပုံငွေများဖြင့် မိုင်ယဒ် ဒဖ်နာရေးဆိုင်ရာ နာရေးကုန်ကျစရိတ်များအတွက် ထုတ်ယူသုံးစွဲပါသည်။

နှစ်စဥ်ထည့်ဝင်ထားသည့် နာရေးရန်ပုံငွေအား အသင်းဝင်ကြေးဟု မမှတ်ယူဘဲ၊ စုပေါင်းရန်ပုံငွေ၊ လိုအပ်သူများ၏ ဂျန္နာဇာကိစ္စနှင့် စပ်လျဥ်းသည့် အသုံးစရိတ်များအတွက် သုံးစွဲရန် “ဆွဒကာ ဂျာရီယာ” အဖြစ်သတ်မှတ်ပြီး အောက်ပါအတိုင်း ကဏ္ဍခွဲ၍ ငွေကြေးအကူအညီပေးပါသည်။

(က) နာရေးရန်ပုံငွေအား သက်ဆိုင်ရာနှစ်အတွက် ထည့်ဝင်ထားသူနှင့် ၎င်းနှင့် တစ်အိမ်တည်းနေထိုင်သည့် မိသားစုဝင်များ၊

(ခ) ဖို့တ်ဝိန်းမြို့သို့ ရောက်ရှိလာသည့် ဧည့်သည်များ၊

(ဂ) ဖို့တ်ဝိန်းမြို့သို့ ရွေ့ပြောင်းလာစ လူသစ်များ၊

(ဃ) အစိုးရ ပင်စင် သို့မဟုတ် မသန်စွမ်းထောက်ပံ့ကြေး မရသည့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ အိမ်ရာမဲ့များ၊

(င) အသက် (၃) လအောက် ကလေးငယ်များ နှင့်

(စ) အစိုးရ ထိန်းသိမ်းထားသော ကလေးငယ်များ၏ ဂျန္နာဇာ ကိစ္စရပ်များအတွက် နာရေးရန်ပုံငွေမှ ထုတ်ယူသုံးစွဲပေးပါသည်။

အထက်ဖော်ပြပါ စာရင်းတွင် မပါဝင်သူများအတွက်လည်း ငွေကြေးကူညီမှုအစီအစဥ်များထားရှိသည်ဖြစ်ရာ လိုအပ်မှုရှိပါက နာရေးကော်မတီဝင်များအား ဆက်သွယ်နိုင်ပါသည်။

နာရေးကိစ္စရပ်များအတွက် အကူအညီလိုအပ်ပါက နာရေးကော်မတီဝင်တစ်ဦးဦး (သို့မဟုတ်) နာရေးကော်မတီ တာဝန်ခံ (260)267-4805 (သို့မဟုတ်) နာရေးကော်မတီ ဖုန်းနံပါတ် (260)786-0393 (သို့မဟုတ်) နူရ်အစ္စလာမ် ဗလီရှေ့ဆောင်အီမာန် တို့အား ဆက်သွယ်နိုင်ပါသည်။

နှစ်စဥ်နာရေးရန်ပုံငွေတွင် ထည့်ဝင်လိုပါက (ဤဝဘ်ဆိုဒ်နေရာ CLICK HERE ) မှတဆင့် ထည့်ဝင်နိုင်ပါသည်။